CMM Myanmar is an online, non-denominational Christian school. We provide affordable, Bible based, Holy Spirit empowered courses to allow our students to further their Biblical Education, to discover their Spiritual Gifting and calling and to grow stronger in intimacy with our Heavenly Father.

CMM ဓမ္မကောလိပ်

မြေကြီးစွန်းတိုင်အောင် မဟာရိတ်သိမ်းခြင်းအတွက် သန့်ရှင်းသူ တို့၏ နေ့ရက်ကာလ ရောက်လာပြီ ဖြစ်သည်။ ထိုနေ့ရက်ကာလအတွက် CMMဓမ္မကောလိပ်မှ နိုင်ငံပေါင်း (၇၀)ကျော် တွင် ကျောင်းသားပေါင်း ထောင်နှင့်ချီ၍ ပြုစုပျိုးထောင်လျှက် ရှိပေသည်။

သင်သည်လည်း ခရစ်တော်၌ ယုံကြည်သူ တစ်ဦး အနေဖြင့် အသက်တာ ကြီးထွားကာ ကမ္ဘာလုံးဆိုင်ရာ ခရစ်တော်၏ သာသနာ၌ တက်ကြွစွာပါဝင်နိုင်ရန်

CMM ဓမ္မကောလိပ်မှ ကြိုဆိုပါသည်။

CMM College of Theology - Myanmar Logo

ကျွန်ုပ်တို့အကြောင်း

ကျောင်းသားများ၏သက်သေခံချက်များ

CMM ဓမ္မကောလိပ်၏ ထူးခြားချက်များ

ကျွန်ုပ်တို့ကို အခြားကျောင်းများနှင့် ခြားနားစေသော ထူးခြားချက်လေးချက်မှာ

၁။ နှုတ်ကပတ်တော်ကို လေ့လာခြင်း

ကျောင်းသားများသည် ဗျာဒိတ်ဖွင့်ပြသည့်အရှင် သန့်ရှင်းသောဝိညာဉ်တော်နှင့်ချိတ်ဆက်ရန် ကျွန်ုပ်တို့ အားပေးသည်။ သို့မှသာ နှလုံးသား၌ ဉာဏ်ပညာ၊ ဗျာဒိတ်ဖွင့်ပြခြင်းတို့နှင့်ပြည့်ဝလာပြီး၊ ဘုရားသခင်၏ သဘာဝအဖြစ်တော်ကို ပိုမိုကောင်းမွန်စွာ နားလည်လာပေမည်။ ထိုမှ ကျောင်းသားများ၏ အသက်တာများလည်း ပြုပြင်ပြောင်းလဲမှုများဖြစ်လာကြသည်။

ရလဒ်များ – ကျောင်းသားများသည် သူတို့ဖွင့်ပြမှုရသည့် အရာများကိုရေးသားရင်း သူတို့၏နှလုံးသားများပြောင်းလဲလာကြသည်ကို ကျွန်ုပ်တို့မြင်တွေ့ရသည်။

၂။ သခင်ယေရှုကို မျှော်ကြည့်၍ ကျွန်ုပ်တိုရှေ့က သွားခဲ့သောသူများကို ဂုဏ်ပြုခြင်း

ခရစ်တော်၏ကိုယ်ခန္ဓာတွင် များပြားလှသည့်

သင်ကြားခြင်းနှင့် အချက်အလက်များ ရရှိနိုင်ပေသည်။ ကျွန်ုပ်တို့ရှေ့က သွားခဲ့ကြသော လူသိများသည့် ကျမ်းစာပညာရှင်များနှင့် လူသိနည်းသည့် ကျမ်းစာပညာရှင် တော်တော်များများက ဗျာဒိတ်ဖွင့်ပြမှုရေတွင်းများ တူးခဲ့ကြပြီးဖြစ်သည်။ ကျွန်ုပ်တို့သည်လည်း ထိုတွင်းများမှ ရေကို ယနေ့အထိသောက်သုံးနေကြဆဲဖြစ်သည်။  CMM ဓမ္မကောလိပ်၏ ရည်မှန်းချက်များအနက် တစ်ခုမှာ ထိုရေတွင်းများကို မြည်းစမ်းနားလည်ရန်ဖြစ်သည်။ လူသားများနှင့် ခရစ်တော်၏ကိုယ်ခန္ဓာတော်အတွက် ထိုသို့ဆက်ကပ်လုပ်ဆောင်ခြင်း၏ အရေးပါမှုကို လစ်လျူမရှုစေရန်ဖြစ်သည်။

ကျောင်းသားများသည် သင်ယူရသောအချက်အလက်များကို နှုတ်ကပတ်တော်နှင့်ယှဉ်ပြီး သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ခွဲခြမ်းစိတ်ဖြာရန် ကျွန်ုပ်တို့အားပေးသည်။ ထိုကြောင့် ဘွဲ့ရများသည် ခက်ခဲသောမေးခွန်းများ၊အတွေးအခေါ်အမျိုးမျိုး သို့မဟုတ် ၎င်းတို့သက်တောင့်သက်သာရှိသော ရပ်ဝန်းအပြင်ဘက်ရှိ ထင်မြင်ယူဆချက်များကို ရင်ဆိုင်ရန် မကြောက်တော့ပါ။

ယခုမျက်မှောက်ကာလတွင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဝေဖန်ပိုင်းခြားစဉ်းစားနိုင်ခြင်းသည် မရှိမဖြစ်အရေးကြီးကြောင်း ကျွန်ုပ်တို့ယုံကြည်သည်။

ကျောင်းသားတိုင်းသည်လည်း လုံခြုံသောပတ်ဝန်းကျင်တစ်ခုတွင် မိမိကိုယ်ပိုင် ဗျာဒိတ်ဖွင့်ပြမှု ရေတွင်းများတူးရန် ကျွန်ုပ်တို့အားပေးသည်။ သိုမှသာ ကမ္ဘာမြေမတည်ရှိမီကပင် ဘုရားသခင်ရည်ရွယ်ထားတော်မူသောနိုင်ငံတော်ရှိ သူတို့ဆက်ကပ်ပါဝင်ရမည့် အခန်းကဏ္ဍအသီးသီးကို ရှာဖွေတွေ့ရှိကြမည်ဖြစ်သည်။

ရလဒ်များ – ကျောင်းသားများသည် သမ္မာကျမ်းစာကပြောသည့်အရာတို့နှင့် ကျမ်းစာပညာရှင်များက ပြောသည့်အရာတို့ကို နှိင်းယှဉ်လေ့လာကြသောအခါ သူတို့၏ နားလည်မှုနှင့် အသိပညာများ ပြောင်းလဲလာသည်ကို ကျွန်ုပ်တို့မြင်တွေ့ရသည်။

၃။ မိတ်ဆွေဖွဲ့သင်ယူခြင်း / ဆွေးနွေးမှုများ

ကျွန်ုပ်တို့၏ကျောင်းသားများသည် အတန်းမတိုင်မီတွင် ကြိုတင်လေ့လာပြီး၊ အတန်းအတွက် ပြင်ဆင်ရသည်။ထိုသို့ ရင်းနှီးမြှုပ်နှံပြီးနောက်၊ အတန်းတွင်း ဆွေးနွေးချိန်များတွင် ပြန်လည်မျှဝေကြသည်။ ဤသင်ယူမှုပုံစံသည် Chavrusa ဟုခေါ်သော ဂန္ထဝင်ဟီဘရူးသင်ယူမှုအမျိုးအစားပင်ဖြစ်သည်။ chavruta သိုမဟုတ် hehavruta ဟုလည်းစာလုံးပေါင်းကြသည်။ (Aramaic: אָ ותּרְ בַח ,lit. “friendship” or “companionship”)။ Chavrusa ပုံစံသင်ယူမှုသည် ကျောင်းသားတစ်ဦးစီအား စာသားကို ပိုင်းခြားစိတ်ဖြာနိုင်ရန်၊ အတွေးများကို ယုတ္တိဆန်သောဆွေးနွေးမှုများအဖြစ် စုစည်းနိုင်ရန်၊ ရှင်းပြနိုင်ရန်၊ ကျိုးကြောင်းဆင်ခြင်နိုင်ရန်၊ အခြားကျောင်းသားများ၏ဆွေးနွေးတင်ပြချက် တို့ကိုလည်း နားထောင်နိုင်ရန်၊ မေးခွန်းထုတ်နိုင်ရန်နှင့် တစ်ဦးနှင့်တစ်ဦး အတွေးအမြင်များကို ထက်မြက်နိုင်စေရန် အနေအထားများဖန်တီး ထားပေးသည်။ ထိုသို့အားဖြင့် စာသား ၏အဓိပ္ပါယ်ကို လုံးဝထိုးထွင်းသိမြင်မှုအသစ်များ ရရှိစေသည်။

ကျွန်ုပ်တို့၏ လေ့ကျင့်သင်ကြားထားသော နည်းပြဆရာများသည် ကျောင်းသားများအား သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆွေးနွေးမှုများပြုရန် ပံ့ပိုးပေးသည်။ ထိုသို့အားဖြင့် ၎င်းတို့၏ တွေးခေါ်မှုဖြစ်စဉ်တို့ကိုရှင်းရှင်းလင်းလင်းရှိနိုင်ရန် အားပေးရာရောက်သည်။ သူတို့ ဘာကိုတွေးရမည်ဟု ကျွန်ုပ်တို့မပြောပါ။

ရလဒ်များ – ကျောင်းသားများသည် အခြားသူများကို နားထောင်တတ်ပြီး အတွေ့အကြုံအားဖြင့် ကြီးထွားလာသောအခါတွင် ရရှိသောဉာဏ်ပညာအားဖြင့် ကြီးထွားပြောင်းလဲလာကြသည်ကို ကျွန်ုပ်တို့တွေ့မြင်ရသည်။

၄။ အသီးသီးပြီး အောင်မြင်သောအသက်တာသို့ သွားရမည့်လမ်းကို ရှာဖွေတွေ့ရှိနိုင်ခြင်း

ကျောင်းသားများစွာသည် သူတို့၏ရည်ရွယ်ချက်ကို ရှာဖွေရန်၊ ကယ်တင်ခြင်းရောက်ပြီးအသက်တာများဆက်လက်လျှောက်လှမ်းရန်၊ ကျွန်ုပ်တို့အပိုင်ဖြစ်သည်ဟု သမ္မာကျမ်းစာကပြောထားသော ပြည့်ဝစုံလင်ခြင်း၌အသက်ရှင်ရန် ကျွန်ုပ်တို့ကျောင်းသို့ဆာငတ်စွာရောက်လာကြသည်။ ကျောင်းသားများသည် သန့်ရှင်းသောဝိညာဉ်တော်ကို နားထောင်တတ်ရန်နှင့် ပိုင်းခြားသိမြင်ခြင်း၌ ကြီးထွားလာရန်သင်ယူနေချိန်တွင် ကျွန်ုပ်တို့သည် ၎င်းတို့ကိုပလ္လင်တော်ခန်းထဲသို့ခေါ်ဆောင်သွားကြသည်။ ထိုသို့အားဖြင့် သူတို့အတွက် ဘုရားသခင်ကြံစည်ရေးဆွဲထားသောလမ်းကို ရှာဖွေတွေ့ရှိနိုင်ရန် ကျွန်ုပ်တို့အားပေးသည်။

ရလဒ်များ – ကျောင်းသားများသည် ရှေးမဆွကပင် သူတို့အတွက်ပြင်ဆင်တော်မူသော ကောင်းသောအမှုများနှင့်ဆိုင်သည့်ပန်းတိုင်သို့ ရောက်ရှိစေမည့် လုပ်ငန်းစဉ်အပြည့်အစုံကို အခွင့်ပေးလာကြသည်။ လမ်းညွှန်တိုင်ပင်မှုများဖြင့် ပြောင်းလဲလာကြသည်ကို ကျွန်ုပ်တို့တွေ့မြင်ရသည်။ (ဧဖက် ၂:၁၀ )

ဘုရားသခင်အား နက်ရှိင်းစွာဆာငတ်လာစေရန် ကျွန်ုပ်တို့ဆန္ဒရှိသည်။ ထိုဆန္ဒမီးကိုလည်း ကျွန်ုပ်တို့၏ ပါမောက္ခများက အသက်တာပြောင်းလဲစေသော ကြုံတောင့်ကြုံခဲနည်းလမ်းများဖြင့် တောက်လောင်စေသည်။ ဤအရာသည် ကမ္ဘာတစ်ဝှမ်းရှိ မည်သည့်ကျောင်းတွင်မဆို တွေ့နိုင်သည့်အရာမဟုတ်ပါ။ ကျွန်ုပ်တို့၏ အမှုတော်ဆောင်များသည် ကျွန်ုပ်တို့၏ကျောင်းသားရာပေါင်းများစွာထံမှ ယုံကြည်မှုနှင့် လေးစားမှုတို့ကို ရရှိထားပြီးဖြစ်သည်။များစွာသောသူတို့သည် ကျွန်ုပ်တို့၏အဖွဲ့နှင့် တစ်သက်တာဆက်ဆံရေးများကို တည်ဆောက်ကြသည်။

ASSOCIATE OF MINISTRY in Biblical Studies ၏ ပန်းတိုင်

သင့်အား ဘုရားသခင်နှင့်လည်းကောင်း၊ သမ္မာကျမ်းစာနှင့်လည်းကောင်း ချိတ်ဆက်ပေးရန်ဖြစ်သည်။ သမ္မာကျမ်းစာ၌သာမက၊ နေ့စဉ်အသက်ရှင်ခြင်း၌ပါ ဘုရားသခင်အား နားလည်အကျွမ်းဝင်ရန် ရည်ရွယ်သည်။ ချည်နှောင်မှုများနှင့် ဘာသာရေးဆန်မှုမှ သာ၍ကြီးမားသောလွတ်မြောက်ခြင်းကို တွေ့ကြုံခံစားစေရန်ဖြစ်သည်။ ခရစ်တော်၌ဖြစ်တည်မှု၊ ဘုရားသခင်၏ အချိန်ဇယား အစရှိသော အခြေခံနိယာမတချို့ကို အုတ်မြစ်ချပေးရန်ဖြစ်သည်။

ကျွန်ုပ်တို့၏ ပန်းတိုင်မှာ အသိပညာကို ဝိညာဉ်ရေးရာကြီးထွားမှုနှင့် ယှဉ်တွဲပြီး ကျောင်းသားအားလုံးကို တည်ဆောက်ပေးရန်ဖြစ်သည်။  သို့မှသာ မျက်မှောက်လောကတွင် သမ္မာတရားအတိုင်း ထိရောက်စွာအသက်ရှင်ပြသနိုင်ကြပေမည်။ CMM ဓမ္မကောလိပ် ဘာသာရပ်များသည် သင့်အား ကြီးထွားရင့်ကျက်စေရန် အသင့်တော်ဆုံးဖြစ်သည်။ တိုက်ရိုက်ဆွေးနွေးမှုများနှင့် ရေးသားလုပ်ဆောင်မှုများသည် အသက်တာများကို ပြောင်းလဲစေသည်။ ကျောင်းသားများကိုယ်တိုင် ပါဝင်မှုကို ကျွန်ုပ်တို့တန်ဖိုးထားသည်။

A.Min. Program တွင်သင်ကြားသည့်ဘာသာရပ်များ 

1. သမ္မာကျမ်းစာ၊ သုတေသနပြုခြင်းနှင့် လေ့လာ သင်ယူခြင်း (သမ္မာကျမ်းစာဗေဒ – Bibliology)

2. ပွဲတော်များနှင့် မျက်မှောက်ဖြစ်ရပ်များ (ပုံဆောင် 3 – Typology)

3. အသက်တာမှအဆိပ်အတောက်များဖယ်ရှားခြင်း (Sanctification Theology)

4. ဂျူးလူမျိုးများနှင့်အခြားလူမျိုးများ (Hebraic Roots Studies)

5. ခရစ်တော်၏အသက် (ခရစ်တော်ဗေဒ – Christology)

6. ခရစ်တော်၌ရှိသောအသက်တာ (Christocentric Spirituality)

7. ဘုရားသခင်၏ချစ်ခြင်းမေတ္တာ (အဂ္ဂါပေဗေဒ – Agapology)

8. တမန်တော်သမိုင်း (Apostolic Studies)

9. တမန်တော်ရှင်ပေါလုနှင့် သူ၏သာသနာခရီးများ (Pauline Studies)

10. သန့်ရှင်းသောဝိညာဉ်တော် (ဝိညာဉ်တော်ဗေဒ – Pneumatology)

11. ဘုရားသခင်၏ အသံတော်နားထောင်ခြင်း

(Prophetic Theology)

12. ပဋိပက္ခများဖြေရှင်းခြင်းနှင့်သာသနာ (Conflict Resolution Studies)

13. ပညတ်တရားနှင့်ကျေးဇူးတရား

(Covenant Theology)

14. ခရစ်ယာန်တို့၏ ယုံကြည်ခံယူချက်များ

(Christian Theology)

15. ညှင်းပန်းနှိပ်စက်ခြင်းနှင့် ခရစ်တော်၌ဖြစ်တည်မှု

(Persecution Studies)

16. ညှင်းပန်းနှိပ်စက်ခြင်းနှင့်အသင်းတော်သာသနာ

(သာသနဗေဒ – Missiology)

17. ယုံကြည်ခြင်းကိုလက်တွေ့ကျင့်သုံးခြင်း

(Practical Theology)

18. အခက်အခဲကြား၌သမ္မာတရား

(Christian Discipleship)

19. သဘာဝလွန်ဖြစ်တည်ခြင်း (Christian Identity Theology)

20. ခရစ်ယာန် မနုဿဗေဒ (Christian Anthropology)

21. သမ္မာကျမ်းစာမှ ကျမ်း ၂၅ ကျမ်းကိုလေ့လာခြင်း

22. တမန်တော်ရှင်ပေါလုအကြောင်းကျမ်းပြုစုခြင်း

23. လက်တွေ့ကွင်းဆင်းခြင်း

Our Brochure

CMM ဓမ္မကောလိပ်အကြောင်း

  • ယဉ်ကျေးမှုများစွာမှ ကျောင်းသားများသင်ယူနိုင်သော ဆက်ဆံရေးဆံပြီး အသက်တာပြောင်းလဲစေသည့် လက်တွေ့ဆန်သော ထူးခြားသည့်ကျောင်း
  • Hybrid စာသင်ခန်းပုံစံ
  • ဗျာဒိတ်ဖွင့်ပြမှုများ ရစေနိုင်မည့် လေ့လာမှုပုံစံ
  • ပြုပြင်ပြောင်းလဲခြင်းများကိုဖြစ်စေ
  • ဓမ္မဗေဒ အမှုတော်မြတ်ဆိုင်ရာ လေ့ကျင့်သင်ကြားခြင်းကို ရှေ့ဆောင်နိုင်ရန်ကြိုးပမ်းလျှက်ရှိ
  • အရည်အချင်းပြည့်မီသော ကျောင်းသားများသည် သမ္မာကျမ်းစာလေ့လာခြင်း၌ Associate, Bachelor, Master, Doctorate နှင့် Ph.D. ဘွဲ့များကို အဆင့်ဆင့်တက်လှမ်းနိုင်
  • မိတ်ဆွေဖွဲ့သင်ယူခြင်း
  • ဓမ္မကောလိပ်အနေဖြင့် ကျောင်းသားများကို ယုံကြည်ခြင်း၏ အခြေခံသမ္မာတရားများကို ဗျာဒိတ်ဖွင့်ပြမှုဆိုင်ရာ သင်ကြားမှုပြုနိုင်ရန် ရည်ရွယ်သည်။
  • ထိုသိုပြုစုပျိုးထောင်ခြင်းဖြင့် ကျောင်းသားများသည် ဝိညာဉ်တော်နှင့် သမ္မာတရားအားဖြင့်လောကကြီးကို တပည့်တော်ဖြစ်စေမည်ဖြစ်သည်။

ဥက္ကဋ္ဌအကြောင်း

Dr. Jorge Parrott သည် ဓမ္မကောလိပ်၏ ဥက္ကဋ္ဌဖြစ်ပြီး CMM World Missions (CMM = Correll Missionary Ministries / Christ’s Mandate for Missions) ၏ သာသနာညွှန်ကြားရေးမှူးဖြစ်သည်။ CMM ဓမ္မကောလိပ်ကျောင်းသားများသည် သာသနာနယ်များသို ခေါ်ခြင်းခံရပါက ပန်းတိုင်ရောက်ရှိစေရန်အတွက် ရေတို၊အလယ်အလတ် နှင့် ရေရှည် အလုပ်သင်နေရာချထားခြင်းများလည်း ပြုလုပ်ပေးလျှက်ရှိသည်။ CMM သာသနာကွန်ရက်တွင် နိုင်ငံပေါင်း ၇၀ ရှိ အသင်းတော်များ၊ ကျောင်းများ၊ မိဘမဲ့ဂေဟာများနှင့် ဆေးပညာဆိုင်ရာအဆောက်အအုံများကို တည်ထောင်သော သာသနာပြုခေါင်းဆောင်များ ထောင်ပေါင်းများစွာပါဝင်သည်။ CMM သာသနာသည် ယဉ်ကျေးမှုနယ်နိမိတ်များဖြတ်ကျော်သည့် လေ့ကျင့်သင်ကြားမှုများ၊ ဘေးအန္တရာယ်ဆိုင်ရာတုံပြန်မှုများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီမှုများ၊ ညှင်းပန်းနှိပ်စက်ခံရသော အသင်းတော်များအားကူညီမှု အစရှိသည်တို့ကိုလည်းလုပ်ဆောင်လျှက်ရှိပါသည်။

ဓမ္မကောလိပ်၏ သာသနာနှင့် ရူပါရုံ

CMM ဓမ္မကောလိပ် သည် ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်စေခြင်းအားဖြင့် စိတ်အားထက်သန်မှုနှင့် ဆာငတ်မှုတို့တွင် ကြီးထွားလိုသော ကျွန်ုပ်တို့၏ကျောင်းသားများကို မြေတောင်မြှောက်အားပေးရန် ဆက်ကပ်အပ်နှံထားပါသည်။ ကျောင်းသားများသည် ကိုယ်တိုင်တွေးခေါ်တတ်ရန် သင်ယူပြီး၊ အသစ်သောနည်းလမ်းများဖြင့် လေ့လာနိုင်စေရန် ကူညီပေးသည်။ သို့မှသာ ၎င်းတို့၏ပန်းတိုင်အသီးသီးကို ရောက်ရှိကာ၊ သူ့တိုအား ဘုရားသခင်ခေါ်တော်မူသော နယ်ပယ်အသီးသီးတွင် နိုင်ငံတော်ကိုတည်ဆောက်နိုင်ကြမည် ဖြစ်ပေသည်။ ကျွန်ုပ်တို့သည် ကျောင်းသားများကို ဘုရားသခင်နှင့် ဦးစွာပထမ ချိတ်ဆက်ပေးပြီး၊ ဘုရားသခင်၏နိုင်ငံတော် တိုးပွားစေရန်အတွက် သူတို့ပတ်လည်ရှိလူများနှင့်လည်း ချိတ်ဆက်ပေးသည်။ ကျွန်ုပ်တို့သည်ကျောင်းသားများ၏ တွေးခေါ်နိုင်စွမ်းကို လှုံ့ဆော်ပေးခြင်းအားဖြင့် နက်ရှိင်းမှု၊ အခွင့်အာဏာနှင့် ဗျာဒိတ်ဖွင့်ပြချက်များ၌ တိုးတက်ကြီးထွားစေရန်  တည်ဆောက်ပျိုးထောင်ခြင်း၌ ကြိုးပမ်းအားထုတ်လျှက်ရှိသည်။ (ဧဖက် ၄:၁၁-၁၃)

“အသိညဏ်မှ နှလုံးသား၊  နှလုံးသားမှ ကမ္ဘာ လောကကြီးဆီသို့။”

မဟာဌာန

Dr. David Joy, M.B.,B.S.(MMR), M.Th., Th.D.(U.S.A.)

CMM Theology Myanmar Director

Dr. David Joy သည် အသက် ၁၂ နှစ်အရွယ် ဝိညာဉ်ရေးရာအတွေ့အကြုံတစ်ခုရရှိခဲ့ချိန်မှစတင်ကာ သန့်ရှင်းသောဝိညာဉ်တော်နှင့် မိတ်သဟာယဖွဲ့ရင်း ဘုရားသခင်ကိုကိုယ်တိုင်သိကျွမ်းလာခဲ့သည်။ ထိုမှစ၍ ဧဝံဂေလိတရားကို ဘုရားသခင်၏အနာငြိမ်းခြင်းတန်ခိုးတော်နှင့် ဟောပြောသက်သေခံခြင်းများပြုလုပ်ခဲ့သည်။ သူသည် ပညာရေး၌ အခြေခံပညာအထက်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့ပြီး မြန်မာနိုင်ငံ ဆေးတက္ကသိုလ်(၁)ကို တက်ရောက်ခဲ့သည်။ တက္ကသိုလ်တက်ရောက်ခဲ့သည့် နှစ်များမှစတင်ကာ နှုတ်ကပတ်တော် သင်ကြားဟောပြောခြင်းများ၊ မိတ်သဟာယအဖွဲ့များကို အစပြုဦးဆောင်ခြင်းများနှင့် လူငယ်များကို သာသနာနယ်များတွင် လက်တွေ့လေ့ကျင့်သင်ကြားခြင်းများပြုခဲ့သည်။

ဆရာဝန်ဖြစ်လာသည့်နောက်တွင် သာသနာလုပ်ငန်း၌ ပိုမိုပါဝင်လာခဲ့ပြီး ပရောဖက်ပြုခြင်းဆိုင်ရာပြုပြင်ပြောင်းလဲရေးသာသနာ (PRM) ကို ၂၀၁၅ ခုနှစ်တွင်တည်ထောင်ခဲ့သည်။ PRM သည် ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ် (MECA) အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်ခဲ့သည်။ သူသည် မူးယစ်ဆေးများ၊ ရာဇဝတ်မှုများနှင့်၊ အိမ်ထောင်ပြိုကွဲမှုများပြားလှသော ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိတ်ဆွေဓမ္မအမှုတော်ဆောင်များ၊ အသင်းတော်များနှင့်လက်တွဲကာ ဆယ်ကျော်သက်လူငယ်များ အသက်တာပြန်လည်ထူထောင်ရေးနှင့်ပတ်သတ်ပြီး လုပ်ဆောင်လေ့ရှိသည်။

“ကျိုင်းတုံမှသည် မြေကြီးစွန်းတိုင်အောင်” ဟူသော PRM ၏ ဆောင်ပုဒ်ဖြင့် မဟာစေခိုင်းချက်ကို လုပ်ဆောင်ရင်း လူတို့အားလည်း ပြုစုပျိုးထောင်လျှက်ရှိသည်။ ၂၀၁၇ ခုနှစ်က အစပြုခဲ့သော အိမ်အသင်းတော် အခြေခံအုတ်မြစ်ပေါ်တွင်ထပ်ဆင့်ကာ ၂၀၂၂ ခုနှစ်၌ ဘုန်းနှင့်ပြည့်စုံသောတဲတော်အသင်းတော် (GTC) ကိုတည်ထောင်ခဲ့သည်။ ယခုတွင် PRM နှင့် GTC ၏ ရုံးချုပ်ကို ရန်ကုန်မြို့ လင်းယုန်မြေသို့ပြောင်းရွှေ့ပြီး သူသည် တမန်တော်၊ ပရောဖက်နှင့် သင်ကြားသည့်ဆရာ နေရာ၌ရပ်တည်ကာ အထွေထွေကြီးကြပ်သူအဖြစ် အမှုတော်ထမ်းဆောင်လျှက်ရှိသည်။ သူသည် ခရစ်ယာန်စာအုပ်များ ရေးသားခြင်း၊ ပူးတွဲရေးသားခြင်း၊ ဘာသာပြန်ရေးသားခြင်းများလည်းပြုသည်။

သူသည် အမေရိကန်ပြည်ထောင်စု၊ တောင်ခယ်ရိုလိုင်းနားပြည်နယ်တွင်ရှိသည့် CMM ဓမ္မကောလိပ်တွင် ဓမ္မပညာကို ဆည်းပူးခံယူခဲ့ပြီး မဟာဘွဲ့၊ ပါရဂူဘွဲ့များရရှိခဲ့သည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ ထိုကောလိပ်၌ တွဲဖက်ပါမောက္ခဖြစ်လာခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် CMM မြန်မာကောလိပ်ကျောင်းခွဲစတင်ခဲ့ပြီး ညွှန်ကြားရေးမှူးအဖြစ် အစေခံလုပ်ဆောင်လျှက်ရှိသည်။ သူသည် CMM ပရောဖက်ပြုခြင်းဆိုင်ရာသာသနာနှင့်အတူ နိုင်ငံများရှိ ခရစ်တော်၏ခန္ဓာနှင့် ခေါင်းဆောင်များထံ အမှုတော်ဆောင်လျှက်ရှိသည်။

သူ့သည် ၂၀၁၇ ခုနှစ်တွင် CMM ကမ္ဘာ့သာသနာမှ လက်တင်မင်္ဂလာရရှိခဲ့သည်။ သူသည် အသက် ၁၂ အရွယ်မှစ၍ Full Gospel Assembly အသင်းတော်၌ အသင်းသားအဖြစ် ကြီးထွားလာခဲ့သည်ဖြစ်ရာ ၂၀၂၄ ခုနှစ်တွင် FGA မှ လက်တင်မင်္ဂလာရရှိခဲ့သည်။ သူသည် FGA ၏ ဝိညာဉ်ရေးရာလွှမ်းခြုံမှုနှင့် Revs. Bart and Kim Hadaway (A Heart Like His Ministries), Craig and Cathy Koetsier (UK), Drs. Jorge and Anna Marie Parrott (CMM), Dr. Nancy G. Daniel နှင့် Rev. Peggy Anderson (Destiny’s Cry Ministries) တို့ပါဝင်သော တမန်တော်၊ ပရောဖက်၊ သင်းအုပ်ကောင်စီ၏ ဝိညာဉ်ရေးရာလွှမ်းခြုံမှုအောက်၌ အမှုတော်ဆောင်လျှက်ရှိသည်။ သူသည် ရန်ကုန်မြို့၌ ဇနီးသည် ဆရာမ Pollen၊ သား Justin တို့နှင့် အခြေချနေထိုင်လျှက်ရှိပြီး၊ စံနှုန်းများအပေါ်တည်ဆောက်ထားသောအသက်တာဖြင့် နေထိုင်လျှောက်လှမ်းကာ လူတို့နှင့်ရိုးရှင်းစစ်မှန်စွာဆက်ဆံရသည်ကို နှစ်သက်သူဖြစ်သည်။

Cost

  Associate degree စာသင်နှစ်သည် $3900 ရှိသော်လည်း၊ လက်ရှိပဋိပက္ခအခြေအနေများကို ထည့်သွင်းစဉ်းစားသောအားဖြင့် ယခုစာသင်နှစ်အတွက် အောက်ပါအတိုင်း သတ်မှတ်ထားပေးသည်။
DegreeDown paymentMonthlyTotal
Associate of Ministry in Biblical Studies / A.Min. (မြန်မာနိုင်ငံမှ တက်ရောက်မည့် ကျောင်းသားများ)$35$75$710
Bachelor of Ministry in Biblical Studies / B.Min. (မြန်မာနိုင်ငံမှ တက်ရောက်မည့် ကျောင်းသားများ)$35$75$710
နိုင်ငံအလိုက် ကျောင်းလခအမျိုးမျိုးရှိသောကြောင့် အခြားနိုင်ငံများမှ တက်ရောက်မည့် ကျောင်းသားများ ဆက်သွယ်စုံစမ်းနိုင်ပါသည်။$___$___$____

ကျောင်းအုပ်ချုပ်ရေးမူဝါဒများ

ကျောင်းဝင်ခွင့်လျှောက်ထားခြင်း

ကျောင်းဝင်ခွင့်လျှောက်ထားရန်အတွက် သင်သည်အောက်ပါတို့ကို နားလည်သဘောပေါက်ကာ လိုက်နာဆောင်ရွက်ရမည်။

  • အသက် ၁၈ နှစ် ပြည့်ပြီးဖြစ်ကာ၊ သခင်ယေရှုကို သခင်အဖြစ်ဝန်ခံပြီး ဖြစ်ရမည်။ ၄င်းသက်သေခံချက် အား ပေးပို့ရမည်။
  • နောက်ကြောင်း ရာဇဝင်စစ်ဆေးခံရန် ဆန္ဒရှိရမည်။
  • ကျောင်းဝင်ခွင့်လျှောက်လွှာဖောင်ကို ပြည့်စုံစွာဖြည့်စွက်ရမည်။ ပတ်စ်ပို့အရွယ် ဓာတ်ပုံ ၁ပုံ ပေးပို့ရမည်။
  • လျှောက်ထားသူသည် အမှုတော်၌ပါဝင်သည့် အတွေ့အကြုံကို စာစီကာ ပေးပို့ရမည်။ အရေးအသားနှင့် သဒ္ဒါပိုင်းဆိုင်ရာတို့ကို ကျေးဇူးပြု၍ သတိပြုပေးပါ။
  • လျှောက်ထားသူ၏ လက်ရှိသင်းအုပ်ဆရာ ထောက်ခံစာပါရှိရမည်။ သင်းအုပ်ဆရာသည် မိသားစုဝင်မဖြစ်ရပါ။
  • ကျောင်းသားများ၌ အထက်တန်းအောင်လက်မှတ်တစ်ခုခု ရှိရမည်။ လျှောက်ထားသူ၏ အထက်တန်း (သို့) ကောလိပ် ပညာရေးမှတ်တမ်း တရားဝင်မိတ္တူ ပေးပို့ရမည့်။ အောင်လက်မှတ်/ဘွဲ့လက်မှတ် ပေးအပ်သည့်ရက်စွဲ ပါရှိရမည်။ (သို့မဟုတ်) ကျောင်းဝင်ခွင့် မြန်မာစာအရည်အချင်းစစ်ဆေးခြင်း ဖြေဆိုရမည်။မြန်မာစာပေနှင့် ဘာသာစကား ရေးနိုင်ပြောနိုင်ရမည်။

စံချိန်စံညွှန်းထုတ်ပြန်ချက်

ကျောင်းသားတိုင်းသည် သခင်ယေရှုကို ကယ်တင်ရှင် သခင်အဖြစ် လက်ခံပြီးကြောင်း သက်သေခံချက်ပေးပို့ရမည်။ ကျောင်းသားတစ်ဦးချင်းစီတိုင်းသည် သခင်ယေရှုကိုသော်လည်းကောင်း၊ CMM ကိုသော်လည်းကောင်းကဲ့ရဲ့စရာဖြစ်စေရန် မည်သည့်အချိန်မျှ မပြုမူရပါ။

ကျောင်းသားတိုင်းသည် ဒေသန္တရအသင်းတော်တစ်ပါး၌ တက်ကြွစွာပါဝင်သော အသင်းသားဖြစ်ရမည်။ ပါဝင်လုပ်ဆောင်သော နာရီများကို မှတ်တမ်းတင်ပြီး CMM ရုံးသို့ တင်ပြရမည်။
နှုတ်ကပတ်တော်ကို နာရုံမျှသာမပြုဘဲ၊လက်တွေ့ကျင့်ဆောင်သောသူများအဖြစ် လုပ်ဆောင်သည့်နာရီများကို semester credit hours အဖြစ် တွက်ချက်သည်။

မခွဲခြားရေးမူဝါဒများ

CMM ဓမ္မကောလိပ်မှ မည်သည့် နိုင်ငံသား/ တိုင်းရင်းသား/လူမျိုးစုဝင် တို့ကိုမဆို၊ သက်ဆိုင်ရာ စာသင်နှစ်နှင့် ကျောင်းသားများအတွက် သတ်မှတ်ထားသည့် စည်းမျဥ်းစည်းကမ်းများနှင့်အညီ၊ ကြိုဆိုလက်ခံမည်ဖြစ်သကဲ့သို တူညီသောအခွင့်အရေး နှင့် ပါဝင်နိုင်သည့် အစီအစဥ် များအားလုံး ရရှိစေမည်ဖြစ်ပါသည်။

CMM Myanmar

Powered by Holy Spirit